Saturday, August 29, 2015

တောင်ပြုံး

လာပြီးတည်းတာက ဘုန်းကြီးကျောင်း
အိပ်တော့ ဘုရားဘေးမှာ
ကဲ မနက်မိုးလင်းတော့ ပြင်ဆင်စားသောက်ပြီး ..သွားတယ်
တောင်ပြုံးတဲ့ ။
ဟိုရောက်တော့ ဘုရားတည်ဖို့ အုတ်ခဲလေးတစ်ချပ်တောင် မထည့်ပေးတဲ့ မိစ္ဆာဝါဒါနဲ့ လူဖြစ်လာတဲ့ နှစ်ကောင်ကို
ဖင်ဗူးတောင် ရှိခိုး
ဘာတဲ့ !! ကနားပွဲ ထိုးပေးပြီး ...ရွှေခါးပတ်တောင် ၀ယ်လှုတယ်ဆိုပဲဗျ ...။
ဟို နှစ်ကောင်ကဖြင့် သေပြီးလို့ ငရဲအိုးမှာ ဂျိုးတောင်ဖြစ်နေပြီ....
ဒီက ရှိခိုးလို့မ၀သေးဘူး တဲ့ ။
ဘာကို ယုံကြည်တာလဲ ?
ဘာကို သက်ဝင်တာလဲ ?
ဘယ်လို အမည်ခံထားတာလဲ ?
ဘုရားရှင်ဟောကြားတော်မူတဲ့ ဒေသနာတော်တွေက
လိုက်နာနေလဲ အကျိုးမရှိဘူးလို့များ
ခံယူထားကြသလား ?
တကယ်တမ်း ဘုရားရှင်ဟောကြားတော်မူတဲ့ တရားတော်တွေကို ယုံကြည်လိုက်နာနေမယ်ဆိုရင် မင်္ဂလသုတ်ပရိတ်တော်မှာပါတဲ့ ၃၈ ဖြာမင်္ဂလာတွေနဲ့တင်
ဒီဘ၀ရော နောင်ဘ၀အတွက်ပါ
ပြည့်စုံနေပါပြီ...။
တစ်ဖက်ကန်းတွေ..
စုံလုံးကန်းတွေ...
အကန်းတွေ...အကန်းတွေ...
အရက်သမားကို ရှိခိုးချင်တာများ
အဲ့ဒီအထိ သွားနေစရာမလိုပါဘူးဗျ
လမ်းဘေးက ဘုံဆိုင်တွေထဲမှာ အများကြီး ရှိပါတယ် အားရပါးရရှိခိုးလိုက်စမ်း ..။
ကိုယ့်ကိုယ်ကို မိစ္ဆာဒိဋ္ဌိ ဖြစ်မှန်းမသိ ဖြစ်နေတယ် ဆိုတာတောင် ဂရုမဆိုက်ဘူး..။
ဘာကိုယ်တော်
ညာကိုယ်တော်
ဘယ်နှယ့်မယ်တော်
ညာ့နှယ့် ဘိုးတော်
ယူံကြည်လိုက်ကြစမ်း...။
ကံ ကံ၏ အကျိုးကို မယုံကြည်တဲ့ လူတွေ
အဲ့ဒီလူတွေဟာ လောကီသဒ္ဓါချို့ယွင်းနေပြီ
ရတနာသုံးပါးရဲ့ ဂုဏ်တော်ကို မယုံကြည်တဲ့ လူတွေ လောကုတ္တရာ သဒ္ဓါချို့ယွင်းသွားပြီ
နောင်ဘ၀ အတွက် ရိက္ခာယူတာခြင်း အတူတူ ငွေကုန် လူပင်ပန်းတာခြင်း အတူတူ ....??
ငရဲကို ပန်းခင်းပြီးသွားလို့ရတယ်များ ထင်နေကြသလား ?
နတ်ကို ယုံကြည်ကိုးကွယ်လို့ နောင်ဘ၀အတွက် ကောင်းတယ် ဆိုပြီး
ဘယ်ပညာရှိမှ ပြောပြထားတာ မတွေ့ဖူးပါဘူး ...။ ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူပြီးတဲ့ ဘုရားရှင်တွေလဲ ဟောဖော်ညွှန်ပြ ဆုံးမထားတာတွေ မတွေ့ဖူးပါဘူး ။
မည်သည့် စာတတ်ပေတော် ပုဂ္ဂိုလ်ကျော်မှလဲ ရေးသားပြဆိုထားတာ မဖတ်ဘူး မမှတ်ဘူးပါဘူး ...။
(အကယ်၍ ရှိခဲ့လျှင် ဖတ်ချင်ပါသည် ၊ လေ့လာချင်ပါသည်)
အော်....လူတွေ လူတွေ
အပူတွေကြား၊ အယူးမှားလျှက်
တရားဆိတ်သုဉ်း ၊ အချိန်ဖြုန်းသော်
လုံးရာမှပြား ၊ ပြားရာမှ အက်
အက်ရာမှ ကြေ၊ ကြေရာမှာမွ
မွရာမှ လွင့် ၊ လွင့်ရာမှ ပျောက်
နိဂုံးရောက်သော်.... ?????
မှတ်ထား |||||
တွေးခေါ်စဉ်းစား ဉာဏ်နည်းတဲ့ လူတွေဟာ
လူလိမ်တွေရဲ့သားကောင်ဖြစ်တတ်တယ် ..

HIV ရောဂါပိုးကို ကုသနိုင်သည့်တိုင်းရင်းဆေးစွမ်း

HIV ရောဂါပိုးကို ကု နိုင်သည့် တိုင်းရင်းဆေးစွမ်း
==============================
ပြည်တွင်းမှာ HIV လူနာ (ဆေးစစ်၍ သိရသူ) တသိန်းနှစ်သောင်းကျော် ရှိတဲ့အနက် ART (ဝေဒနာရှင်များအတွတ် ကမ္ဘာ့ ကျန်းမားရေးဌာနမှ အထူးထုတ်ထားသည့် ဆေး) မပေးနိုင် သူ နှစ်သောင်းကျော်ရှိနေတော့စိတ်ကျရောဂါဖြစ်ပြီး
ဒီဆေးရတဲ့အထိစောင့်နေစရာမလိုပါဘူး။
ဒီရောဂါပိုးရှိနေတယ်လို့ သိရတဲ့သူတော်တော်များဟာ စိတ်ထိခိုက်ခြင်း-စိတ်ဓါတ်ကျခြင်းကြောင့်ရောဂါတွေတိုးလာကြတာများတယ်။
တချို့ ဝေဒနာရှင်တွေဟာ ရှက်စိတ်နဲ့  တချို့ ကလည်း ဆေးရုံမှာဆေးမစစ်ရဲ
့ကြဘူး ဟိုရောဂါလို ဒီရောဂါလိုလိုနဲ့ အသေခံသွားကြတယ်။
ဒီလိုဘဲဆေးရုံက ဆေးကုသရင် စရိတ်တွေ အကုန်မခံနိုင်တဲ HIV ဝေဒနာရှင်တဦးက ရောဂါ တနေ့ တခြားဆိုးလာလို့  သူမိသားစုတွေပြောရင်လဲ ၀ိုင်းပါယ်ကြမှာစိုးပြီး လူရှင်းတဲ့ ခြံတခုမှာ သေဘို့ ဆုံးဖြတ်ပြီး တဦးတည်း တဲထိုးနေရင်း လဲနေရင်း ရောဂါကလဲဖေါက်နေချိန်မှာ-အနာတွေပေါက်နေတဲ့ ခွေးပိန်ညောင် တကောင်ဟာ သူ့ အနားက ရှားဇောင်းပင်ကို လာကိုက်ပြီး ထွတ်လာတဲ့ အနှစ်တွေကို ရှာနဲ့လျှက်နေတာတွေ့ ရတယ်...။
ပြီးတော်ရှားဇောင်ပင်နားမှာဘဲ အိပ်နေတယ်၊သူလဲအားနည်းပြီး အိပ်ပျော်သွားခဲ့ပြီး နောက်တနေ့ မှာ ခွေးပိန်ကလန်းလန်းဆန်းဖြစ်နေတာတွေ့ ရတယ် ပြည်တွေနဲ့ စိုနေတဲ့အနာတွေလည်းခြောက် သွားတယ်။
အဲဒီဝေဒနာရှင် ဟာ ခွေးပိန်ရဲ့ ဆေးကုနည်းကိုအတုခိုးပြီးရှားဇောင်းလက်ပတ်ပင်တွေ
ကို နေ့ စဉ်မှီဝဲရာက ယနေ့ တိုင်းကျန်းကျန်းမာမာနဲ့  အသက်ရှင်နေပါတယ်။
အောက်မှာဖေါ်ပြထားတာကတော့ ဒေါက်တာဖြိုးသီဟဇော်ရဲ့  တိုင်းရင်းဆေးနဲ့ ကုတဲ့နည်း
၁..။ ကျွန်တော်တို့ သိတဲ့ Aloevia ( ရှားစောင်းလတ်ပတ် ။ တစောင်းလတ်ပ် ) ပင်ဟာ ကိုယ်ခံအားတတ်စေတဲ့အကျိုးအာနီသင် အပြည့်ရှိတယ် လို့  နိုင်ငံတကာ ကလက်ခံယုံကြည် ထားပါတယ်..။
ဒီ ရှားစောင်းလတ်ပတ်ထဲက အသား ( ဂျယ်လီ တုံး ) ပုံလေးတွေကို ချစ် ယူပြီး သကြားနဲ့  အစိမ်းလိုက်ဖြော်ရည်လုပ်သောက် ခိုင်းထားတာတွေ့ ရပါတယ်....။
ဒီလို သောက်သုံး ချင်းအားဖြင့် ကိုယ်ခံအား ကို မြှင့် တင်ပေးပြီး.... အသားအရည်ကိုလည်း စိုပြည်စေတာတွေ့ ရှိရပါတယ် ခင်ဗျာ...။
ဒီလို လုပ်နည်းကို မြနှ်မာမှာသာမက အနောက်နိုင်ငံကြီးများ , Korea , Africa စတဲ့နိုင်ငံတွေမှာပါအခုလက်ရှိသုံးနေကြတာကို တွေ့ ရှိရပါတယ်ခင်ဗျာ........။
တစောင်းလက်ပတ်ဖျော်ရည်ကို တစ်နေ့ သုံးခွက် မှန်မှန်သောက်ပေးရင် CD4 Cell တွေပြန်တက်လာတဲ့လူနာတွေအခုမြန်မာနီင်ငံမှာလက်ရှိရှိနေပါတယ်ခင်ဗျာ....။
နောက်တစ်ခုကတော့.............................................
၂ ။ ကြက်သွန်နီ ပါခင်ဗျာ..။
ဒီဟာကတော့ ကျွန်တော်သိတာ မကြာသေးပါဘူး...။ မြန်မာ့ ဆေးကျမ်း ထဲက တိုင်းရင်းဆေးဆရာကြီးတွေ သုံးခဲ့တဲ့နည်းလို့ ဆိုပါတယ်......။ ဒီ ကြည်သွန်နီနဲ့  ရောဂါ ပြင်းထန်ရာကနေ သက်သာသွားတဲ့လူတွေ ရှိနေတာအခု လက်ရှိမှာ တွေ့ နေရပါတယ်.........။
ဘာကြောင့်လဲဆိုတာ မသိပေမယ့် ....... AIDS ဖြစ်လို့  ကိုယ်ခံနာ မှာ ယားနာပေါက်တာ တွေ . ၀မ်းသွားတာတွေ . အနာဖြစ်တာတွေ . အားလုံး သက်သာပြီးပျောက်ကင်းသွားတာ တွေ့ ရှိနေရပါတယ်။လူလောကတစ်ခုလုံးက ကုသလို့ မရဘူးဆိုတဲ့ .....ဒီရောဂါ ဆိုးကြီးကို....( ကြက်သွန်နီ ) ဥ က သက်သာအောင်လုပ်ပေးတာ ကျွန်တော်လဲအစကမယုံပါဘူး....။ နောက်မှ ရောဂါရှင်ကိုယ်တိုင် လာပြောမှ သာလက်တွေ့ ယုံခဲ့ပါတယ်.......။ ၀မ်းသာစရာပါခင်ဗျာ....။
သုံးပုံသုံးနည်းက တော့ -
ကြက်သွန်နီ ဥကြီး ၃ ဥလောက်ကိုနေ့ စဉ် အခွံနွာ ... ကြက်သွန်နီဘေးမှာရှိတဲ့ မိုမဲမဲလေးတွေကိုရေစင်အောင်ဆေးပြီး .....အရည်ရအောင် ထောင်းပါ ..။ ထောင်းတဲ့ ငရုပ်ဆုံ ကလည်း သီးသန့် ဖြစ်ဖို့ လိုပါတယ်...။သန့် ရှင်းရပါမယ် .....။
ရလာတဲ့ အရည်ကို ....တစ်နေ့  သုံးခွက်မှန်မှန် သောက်ပေးပါ.....။ ၁ လ အတွင်းမှာ ရောဂါသက်သာလာတာ .... လက်တွေ့ မြင်ရမှာပါ ခင်ဗျာ.....။ သောက်သုံးနေစဉ်အတွင်း ... ၃ . ၄ ရက် အတွင်းမှာ အရေပြားမွေးညှင်းလေးတွေထဲက နေ ရွ စိ ရွစီ နဲ့ ပိုးလေးတွေ ထွက်လာတယ်လို့  ဆေး ပညာရှင်တွေက ဆိုထား ပါတယ်.....။ ဆက်သာသောက်ပါ..။ စိုးရိမ်စရာမရှိပါဘူး ....။ နည်းနည်းတော့ အနံ့တော့ဆိုး မှာပေါ့ခင်ဗျာ........။ ရောဂါသက်သာသွားရင်လဲ နေ့ တိုင်းတစ်နေ့ သုံးခွက်သာပုံမှန် သောက်သွား ပါတဲ့.........။ သက်တမ်းစေ့အောင် ကျန်းမာစွာ နေနိုင်မှာ ဖြစ်ပါတယ်လို့  တိုင်းရင်းဆေးဆရာများက လက်တွေ့ ဆိုထားပါတယ်

မောင်

မောင်

ညည့်လဲနက်ခဲ့ပါပြီ
ဘယ်ဆီမှာများလဲမောင်……

မျော်နေသူ   ကျမအဖို့ 
ုပုလဲမျက်ရည်   ကြွေခဲ့ရပြီမောင်……

တမ်းတတဲ့  စိတ်ကလဲ
ဖြေမပြေဘူး   မောင်………

စာနာပြီး    ထွေးပွေ့လှည့်ပါ
တမ်းတရင်းမျော်နေဆဲပါ   မောင်……

                                   ပန်းမိမယ်

Friday, August 28, 2015

အမုန်းစကား

***    အမုန်းစကား***

နင့်ရဲ့နှုတ်ဖျား           အမုန်းစကား
ကြားတဲ့ငါ့,နား      ဖြတ်ပစ်ချင်တယ်


နင့်ရဲ့နှုတ်ဖျား           အမုန်းစကား
ငါ့ရင်ဘတ်တွေ        ကြွေမွကုန်ပြီ


အထိအရှ      ဗလဗွနဲ့
ငါ့ရဲ့ရင်ထဲ      ခဏတော့လှည့်ကြည့်ပေးပါ


ပြက္ခဒိန်     လှန်ကြည့်တော့လဲ
ပြသဒါး   ရက်ရာဇာကပျောက်နေပြီ




သြော်  ငါ့ဘဝ     ငါ့ဘဝ
ခါးသီးခြင်းတွေနဲ့      လူဖြစ်လာပါရောလား


                               ပန်းမိမယ်

မာရ်နတ်အကြောင်းသိကောင်းစရာ

မာရ်နတ်
☆☆☆☆☆

သိပ်တန်ဖိုးရှိတဲ့ ပို့စ်လေးပါ မာန်နတ်ဆိုတာ အခုမှ စုံစုံလင်လင် သိခွင့်ရတာ
အကျိုးများ၏။

၁-မာရ်ငါးပါးဆိုတာ မာရ်နတ်ငါးယောက်ကိုပြောတာလား ??
၂-ဘုရားမရှိတော့ပေမယ့် သိကြားမင်းတို့နတ်ပြည်ကို
ဘာလို့သွားမသိမ်းလဲ ??

၃-ဘိက္ခုနီသာသနာကိုကျတော့ ဘာလို့ မနှောက်ယှက်ခဲ့တာလဲ ??

၎-ဘုရားကို ပရိနိဗ္ဗာန်စံခိုင်းတာ မာရ်နတ်အကြီးမဟုတ်ဘူးလို့ဆိုတယ်၊
မာရ်နတ်သေးသေးလေးတဲ့မာရ်နတ်ကြီးကသာစံခိုင်းရင်ချက်ချင်းစံရမှာဆိုတာဟုတ်လား ??

၅-မာရ်နတ် ခိုင်းလို့ ပရိနိဗ္ဗာန်ပြုတာလား၊ ဝက်သားစားလို့လား ??
၆-မာရ်နတ်အခုဘယ်မှာလဲ ??
၇-မာရ်နတ်ကို နှောင့်ယှက်လို့မရအောင် ဘုရားကဘာလို့ တန်ခိုးနဲ့ မတားလဲ ??
၈-ရှင်ဥပဂုတ်ကမာရ်နတ်ကို ဆုံးမတယ်ဆိုတာ ဟုတ်လား ??
မာရ်ရဲ့အကြောင်းလေး အရင်ရှင်းရအောင် မာရ်ဆိုတာ မာရဆိုတဲ့ ပါဠိကနေလာတာ မာရဆိုတာ သေခြင်း၊ သေစေခြင်းလို့ အဓိပ္ပါယ်ရတယ်။
မာရ်ဆိုတာ သေတတ်တဲ့သဘော သေအောင်သတ်တတ်တဲ့သဘောကိုပြောတာ။

☆☆မာရ် (၅)ပါးကို အကျဉ်းလေး ပြောပြမယ်။
(၁) ကိလေသမာရ် (၂) ခန္ဓမာရ် (၃) မစ္စုမာရ် (၄) အဘိသခါင်္မာရ် (၅) ဒေဝပုတ္တမာရ်
☆ ကိလေသမာရ် ဆိုတာ တစ်ထောင့်ငါးရာကိလေသာတွေကိုပြောတာ လောဘ၊ ဒေါသ၊ ဣဿာ၊ မစ္ဆရိယ အစရှိတဲ့ ကိလေသာတွေဟာ စိတ်ကို ပူလောင်စေတတ်တယ်၊ ညစ်နွမ်းစေတတ်တယ်၊ ပင်ပန်းဆင်းရဲအောင် နှိပ်စက်တတ်တယ်။
ဒီကိလေသာတွေ ရှိနေသရွေ့ကတော့ သံသရာမှာ တလည်လည်နဲ့ အမြဲသေနေဦးမှာပဲ။
ဒီလိုသေစေတတ်လို့ ကိလေသာကို မာရ်လို့ခေါ်တယ်။
☆ ခန္ဓမာရ် ဆိုတာ ဒီခန္ဓာ ၅ပါးကို ပြောတာပဲ။ ခန္ဓာရှိသရွေ့ သေနေဦးမှာပဲ။
ဘယ်ခန္ဓာဖြစ်ဖြစ် သေနေဦးမှာပဲ။
သေတတ်လို့ ခန္ဓာ ၅ပါးကို မာရ်လို့ခေါ်တယ်။
☆ မစ္စုမာရ် ဆိုတာ သေခြင်းတရားပါပဲ။ မရဏကိုပြောတာပေါ့။
သေတတ်တဲ့ မစ္စုကို မာရ်လို့ခေါ်တယ်။
☆ အဘိသခါင်္မာရ် ဆိုတာ ကိုယ်ပြုထားတဲ့ ကုသိုလ်ကံ၊ အကုသိုလ်ကံတွေကိုပြောတာ။

ကုသိုလ်ကံကြောင့် ကောင်းတဲ့ဘဝရောက်မယ်။ အကုသိုလ်ကံကြောင့် မကောင်းတဲ့ဘဝ ရောက်မယ်။ ဘယ်ဘဝရောက်ရောက် သေမှာပဲ။
သေစေတတ်လို့ အဘိသခါင်္ကို မာရ်လို့ ခေါ်တယ်။

☆ ဒေဝပုတ္တ မာရ်ဆိုတာ မာရ်နတ်ကို ပြောတာ။
မာရ်နတ်ဟာ သတ္တဝါတွေ သံသရာဝဋ်က လွတ်မှာကြောက်တယ်။
၃၁ဘုံ ဘယ်ကိုသွားသွား သူသဘောကျတယ်။
လွတ်ထွက်သွားမှာကြောက်လို့ လွတ်ကြောင်းလုပ်ရင် နှောင့်ယှက်တယ်။
မာရ်နတ် အနှောင့်အယှက် ခံရရင် သံသရာလွတ်ကြောင်း မလုပ်ဖြစ်တော့ဘူး။
၃၁ဘုံမှာပဲ ပျော်မွေ့တော့တယ်။ ဘယ်ဘုံဖြစ်ဖြစ် သေမှာပဲ။
ဒီလိုသေစေတတ်လို့ ဒေဝပုတ္တမာရ်နတ်ဟာလည်း မာရ်ပါပဲ။
ဒီတော့ မာရ်ငါးပါးဆိုတာကမာရ်နတ် ငါးပါးကိုပြောတာမဟုတ်ပါဘူး။
မာရ်နတ်ကလည်း ငါးယောက်မက ရှိနေနိုင်ပါတယ်။
ဘုရားနဲ့သံဃာတွေကို နှောင့်ယှက်တဲ့ မာရ်နတ်ကတော့ သူတစ်ယောက်တည်းပါပဲ။
၁ ရဲ့အဖြေ ပြီးပါပြီ။
မာရ်နတ်ဟာ နတ်ပြည် ၆ထပ်မှာ အထက်ဆုံး နတ်ဘုံမှာနေတယ်။
နတ်ပြည် ၆ထပ်ရဲ့ စည်းစိမ်နဲ့ သက်တမ်းလေး နည်းနည်းပြောပြမယ်။

☆စတုမဟာရာဇ်နတ်ပြည်ဆိုတာ မြင်းမိုရ်တောင်ရဲ့ အလယ်မှာရှိတယ်။
ဓတရဋ္ဌ၊ ဝိရုဠှက၊ ဝိရူပက္ခ၊ ကုဝေရဆိုတဲ့ နတ်မင်းကြီး လေးပါးက အုပ်ချုပ်တယ်။
စတုမဟာရာဇ်နတ်တွေဆိုတာ အလွန်တန်ခိုးကြီးတယ်။
သက်တမ်းက နှစ်ပေါင်း ၅၀၀ ရှိတယ်။
လူသက်နဲ့ဆို အနှစ် ၉သန်းရှိတယ်။

☆တာဝတိံသာ သူ့ထက်ပိုပြီးမြင့်တယ်။ မြင်းမိုရ်တောင်ထိပ်မှာ ရှိတယ်။
သိကြားမင်း ဦးမဃနဲ့တကွ ၃၃ယောက်သောနတ်မင်းကြီးတို့ အုပ်စိုးတယ်။
အခေါင်နတ်မင်းကတော့ ဦးမဃပဲ။ (မာဃမဟုတ် မဃသာအမှန်)
တခြားနတ်မင်းတွေလည်းရှိတယ်။ နတ်သားတစ်ယောက်တောင်မှ နတ်သမီးအခြွေအရံ
၅၀၀ ခြံရံပြီး ကာမဂုဏ်ချမ်းသာကို ခံစားတယ်။
သက်တမ်းက နှစ်၁၀၀၀ လူလိုတွက်ရင် ၃ကုဋေ၆သန်းရှိတယ်။

☆ယာမာကနေစပြီး ဘုံဗိမာန်တွေဟာ ကောင်းကင်ယံမှာတည်တယ်။
ယာမာနတ်တွေကို ဆင်းရဲခြင်းကင်းသောနတ်တွေလို့ခေါ်တယ်။
နတ်ချမ်းသာကိုချည့် သီးသန့်ခံစားတဲ့နတ်တွေ။
သက်တမ်းက နှစ် ၂၀၀၀ လူလိုတွက်ရင် ၁၄ကုဋေ၄သန်းရှိတယ်။
နတ်ဘုံတိုင်းမှာ ကိုယ့် နတ်မင်းကြီးနဲ့ကိုယ်ရှိတယ်။
ယာမာ နတ်ပြည်အတွက်တော့ သုယာမနတ်မင်းက အခေါင်နတ်မင်းကြီးပဲ။
☆တုသိတာနတ်ပြည်ဆိုတာ အလွန်နှစ်သက်ရွှင်လန်းတယ်။
ဘုရားလောင်းနဲ့ မယ်တော်ဟောင်းတွေဒီဘုံမှာ လာဖြစ်ကြတယ်။
အခေါင်နတ်မင်းကြီးက သန္တုဿိတနတ်မင်းပဲ။
သက်တမ်းက နှစ် ၄၀၀၀ လူလိုဆို ၅၇ကုဋေ၆သန်းရှိတယ်။

☆နိမ္မာနရတိနတ်ပြည်ဆိုတာ ကိုယ့်စည်းစိမ်ကိုယ်စိတ်ကြိုက် ဖန်တီးလို့ရတယ်။
အောက်ကနတ်ပြည်တွေက ကိုယ့်ကုသိုလ်ကံအလိုက် ဘုံဗိမာန် အစရှိသဖြင့် ရတယ်။
ဒီနတ်ပြည်ကတော့ စိတ်ကြိုက် ဖန်တီးပြီး ခံစားလို့ရတယ်။
လိုတာထက်ပိုပြီးခံစားလို့ရတယ်။
သက်တမ်းက နှစ် ၈၀၀၀ လူလိုဆို ၂၃၀ကုဋေ၄သန်းရှိတယ်။
ကျောင်းတကာမကြီး ဝိသာခါ သေတော့ ဒီဘုံကို ရောက်တယ်။

☆ပရနိမ္မိတဝဿဝတီနတ်ပြည်က နတ်ပြည် ၆ထပ်မှာ အမြင့်ဆုံးပဲ။
စည်းစိမ်ကလည်း ကိုယ်တိုင်တောင်ဖန်ဆင်းစရာမလိုဘူး။
ကျွန်အစေအပါးနတ်တွေက ဖန်ဆင်းပေးတယ်။
သူတို့က လိုတာထက်ပိုပြီး ခံစားချင်ရင်တောင် သူများဖန်ဆင်းပေးရတယ်။
သက်တမ်းက နှစ်ပေါင်း ၁၆၀၀၀ လူလို ၉၂၁သန်းအထိ ရှည်ကြာတယ်။
မာရ်နတ်က ဒီဘုံမှာနေတယ်။ အခေါင်နတ်မင်းကြီးတော့ မဟုတ်ဘူး။
မာရ်နတ်သားပဲ။ အခေါင်နတ်မင်းကြီးက ဝဿဝတီနတ်မင်းကြီး သပ်သပ်ရှိတယ်။
မာရ်နတ်ကို စင်ပြိုင်လို့တော့ သတ်မှတ်လို့ရတယ်။ သူ့တပည့်တွေက များတာကိုး။
ဗိုလ်ဆိုလည်း သူပုန်ဗိုလ်ပဲဆိုပါတော့။
မာရ်နတ်က ပုံထဲကလို ရုပ်ဆိုးဆိုးမဟုတ်ပါဘူး။
ကာမာဝစရနတ်ပြည် ၆ထပ်မှာ အချောအလှဆုံးနတ်တွေထဲက တစ်ပါးပါ။
အားကြီးတဲ့ ကုသိုလ်ကံတွေ ပြုခဲ့ဖူးသူပါ။
ဒီလောက်ဆို မာရ်နတ်က သိကြားမင်းကို ဘာလို့ သွားပြီး မတိုက်ခိုက် မသိမ်းပိုက်သလဲ
သိလောက်ပြီပေါ့နော်။

သူ့နေရာလောက်မှ စည်းစိမ်ချမ်းသာမရှိ။ သက်တမ်းမရှည်တဲ့နေရာကို သူကဘာလုပ်ဖို့လာသိမ်းမလဲ။ မာရ်နတ်က ဒီလောက်မအဘူးလေ။
၂ ရဲ့အဖြေပြီးပါပြီမာရ်နတ်ဆိုတာ သံသရာလွတ်ကြောင်းကလွဲရင် ဘာလုပ်လုပ် အမြဲအကောင်းမြင်တယ်။
သံသရာလွတ်ကြောင်း လုပ်လို့ကတော့ နည်းမျိုးစုံနဲ့တားတယ်။
သိဒ္ဓတ္ထမင်းသား တောထွက်ချိန်မှာလည်း တားခဲ့တယ်။
ဘုရားဖြစ်ကာနီးချိန်မှာလည်း လေကြီးမိုးကြီး ပြာပူမီးနဲ့ မှောင်ကြီးတစ်တန်
ဓားလှံမကြွင်း ပစ်ခတ်ခွင်းပြီး နှောင့်ယှက်တယ်။
ဘေးနားမှာရှိနေတဲ့ ဘုရားဖြစ်တာနဲ့ ကြိုဆိုမယ့်သူတွေ
ထွက်ပြေးကြတယ်။
သိကြားမင်းက ခရုသင်း၊ ဗြဟ္မာမင်းက ထီးဖြူ၊ ပဉ္စသိင်္ခနတ်မင်းက ဗေလုဝစောင်း။

ကိုယ့်ပစ္စည်း ဘယ်နားကျန်မှန်းတောင်မသိအောင် ထွက်ပြေးကြတယ်။
(တကယ်တော့ ဗေလုဝစောင်းက မာရ်နတ်ရဲ့အပိုင် ဘုရားလောင်း ၆နှစ်လုံးလုံး
အပြစ်လုပ်ရင်ထောက်ပြပြီး ပျော်ပျော်ပါးပါးတီးဖို့ ဂျိုင်းကြားညှပ်လာတာ။
၆နှစ်လုံး အပြစ်တစ်ချက်မှ မရှိတဲ့ ဘုရားလောင်းကို စိတ်ပျက်လက်ပျက်
စောင့်ကြည့်ရင်းက ထွက်ကျနေခဲ့တာ။ ဒါကိုသိကြားမင်းက ကောက်ပြီး ပဉ္စသိင်္ခနတ်မင်းကို
ပေးလိုက်တာ ###
^^^ဒီနေရာမှာက ကျမ်းညှိစရာတွေများတာရယ် ပို့စ်နဲ့လည်းသိပ်မဆိုင်လို့ဒီလောက်ပါပဲ)
သမီးတော် သုံးယောက်ရဲ့ အလှအပ၊ အတွေ့အထိ၊ အမွှေးနံ့သာ၊ အရက်သေစာ
မျိုးစုံနဲ့ နှောင့်ယှက်တယ်။
မရဘူး။
အရုဏ်တက်ချိန်မှာပဲ အရဟတ္တဖိုလ်အထွတ်တပ်တဲ့ အာသဝေါတရားတို့ အမြစ်မကျန်
ဖယ်ရှားပြီး သဗ္ဗညုတဉာဏ်ကို ရသွားတယ်။
ဒီတော့ သတ္တသတ္တာဟ ၄၉ရက်ရဲ့ အလွန် အဋ္ဌမသတ္တာဟ အဇပါလညောင်ပင်ကို
ဘုရားနောက်တဖန် ပြန်ရောက်ချိန်မှာ မာရ်နတ်က အချိုသပ်နဲ့ လာတောင်းပန်တယ်။

အရှင်ဘုရားအနေနဲ့ အရဟတ္တဖိုလ်လည်း တိုင်ပါပြီဘုရား။
အရှင်ဘုရား ပရိနိဗ္ဗာန်ပြုပါတော့လို့ လာတောင်းပန်တယ်။
ဘုရားက ပြန်ပြောတယ်။
ငါဘုရားမှာ ဘိက္ခု၊ ဘိက္ခုနီ၊ ဥပါသကာ၊ ဥပါသိကာ ပရိသတ်
လေးပါးတို့က တရားတွေကို
- ပိုင်ပိုင်နိုင်နိုင်မဆောင်ရွက်နိုင်ကြသေးဘူးဆိုလျှင်
- သူတပါးကို မဟောပြောနိုင်သေးဘူးဆိုလျှင်
- ဆန့်ကျင်ဘက်လာပြောလို့မှ မနှိမ်နင်းနိုင်သေးဘူးဆိုလျှင်
ဂုဏ်အရည်အချင်းမပြည့်သေးသရွေ့
ပရိနိဗ္ဗာန်မပြုသေးဘူးလို့ ငြင်းခဲ့တယ်။
မာရ်နတ်စိတ်ပျက်ပျက်နဲ့ ပြန်သွားတယ်။
ကြားကာလတွေမှာ ကြုံရင်ကြုံသလို နှောင့်ယှက်တယ်။
ဘုရားက မာရ်နတ်အပေါ်မှာရော ကျန်သတ္တဝါတွေအပေါ်မှာရော မေတ္တာထားတယ်။

အနှောင့်အယှက်တွေကို ဂရုမစိုက်ပဲ ဆက်လက် တရားပြတယ်။
သတ္တဝါတွေအပေါ်မှာ ကရုဏာထားပြီး တရားပြတယ်။
မာရ်နတ်နှောင့်ယှက်သမျှကို ဥပေက္ခာနဲ့ ခွင့်လွှတ်ပေးခဲ့တယ်။
(မာရ်နတ် မနှောင့်ယှက်နိုင်အောင် ချုပ်ထားတာပဲ ဖြစ်ဖြစ်
မလုပ်ရခြင်းအကြောင်း နောက်မှ ထင်ရှားပါလိမ့်မယ်)
ဘိက္ခုနီသာသနာအတွက် မိထွေးတော်ဂေါတမီတို့ ကြိုးစားနေချိန်မှာ
မာရ်နတ်မနှောင့်ယှက်ရတဲ့အကြောင်းကတော့ ဘိက္ခုနီသာသနာပေါ်မှ
ပရိသတ် ၄ပါးစုံမယ်။ ဒီပရိသတ်လေးပါးစုံပြီးမှ ဘုရားပရိနိဗ္ဗာန်ပြုမှာမို့
မနှောက်ယှက်ခဲ့တာပါ။

၃ ရဲ့ အဖြေပြီးပါပြီ
ပရိနိဗ္ဗာန်မပြုခင် ၃လ အလိုမှာ တစ်ခါလာတောင်းပန်တယ်။
အရှင်ဘုရား အဋ္ဌမသတ္တာဟမှာပြောခဲ့တဲ့
ငါဘုရားမှာ ဘိက္ခု၊ ဘိက္ခုနီ၊ ဥပါသကာ၊ ဥပါသိကာ ပရိသတ် လေးပါးတို့က
တရားတွေကို
- ပိုင်ပိုင်နိုင်နိုင်မဆောင်ရွက်နိုင်ကြသေးဘူးဆိုလျှင်
- သူတပါးကို မဟောပြောနိုင်သေးဘူးဆိုလျှင်
- ဆန့်ကျင်ဘက်လာပြောလို့မှ မနှိမ်နင်းနိုင်သေးဘူးဆိုလျှင်
ဂုဏ်အရည်အချင်းမပြည့်သေးသရွေ့
ပရိနိဗ္ဗာန်မပြုသေးဘူးဆိုတဲ့စကား မှတ်မိပါသလားဘုရား။
ယခုအခါတွင် အရှင်ဘုရား၌
ပရိသတ်လေးပါးမှာ ဘိက္ခုပရိသတ်သည် ဗုဒ္ဓတရားတော်ကို ပိုင်ပိုင်နိုင်နိုင်ဆောင်ရွက်မှတ်သား၍ သူတပါးတို့ကိုလည်း ဟောပြောနိုင်ပါပြီ။ ဆန့်ကျင်ဘက်ပြောလာသူတို့ကိုလည်း တရားသဖြင့်နှိမ်နင်းပြီး အကျိုးအကြောင်းနှင့်တကွ တရားကို ဟောပြနိုင်ပါပြီ
ပရိနိဗ္ဗာန်စံယူရန် အချိန်အခါ သင့်ပါပြီ။ ပရိနိဗ္ဗာန် စံတော်မူပါတော့ဘုရား။
ဘိက္ခုနီပရိသတ်သည် ဗုဒ္ဓတရားတော်ကို ပိုင်ပိုင်နိုင်နိုင်ဆောင်ရွက်မှတ်သား၍ သူတပါးတို့ကိုလည်း ဟောပြောနိုင်ပါပြီ။ ဆန့်ကျင်ဘက်ပြောလာသူတို့ကိုလည်း တရားသဖြင့်နှိမ်နင်းပြီး အကျိုးအကြောင်းနှင့်တကွ တရားကို ဟောပြနိုင်ပါပြီ
ပရိနိဗ္ဗာန်စံယူရန် အချိန်အခါ သင့်ပါပြီ။ ပရိနိဗ္ဗာန်
စံတော်မူပါတော့ဘုရား။ဥပါသကာပရိသတ်သည် ဗုဒ္ဓတရားတော်ကို ပိုင်ပိုင်နိုင်နိုင်ဆောင်ရွက်မှတ်သား၍ သူတပါးတို့ကိုလည်း ဟောပြောနိုင်ပါပြီ။ ဆန့်ကျင်ဘက်ပြောလာသူတို့ကိုလည်း တရားသဖြင့်နှိမ်နင်းပြီး အကျိုးအကြောင်းနှင့်တကွ တရားကို ဟောပြနိုင်ပါပြီ
ပရိနိဗ္ဗာန်စံယူရန် အချိန်အခါ သင့်ပါပြီ။

ပရိနိဗ္ဗာန် စံတော်မူပါတော့ဘုရား။
ဥပါသိကာပရိသတ်သည် ဗုဒ္ဓတရားတော်ကို ပိုင်ပိုင်နိုင်နိုင်ဆောင်ရွက်မှတ်သား၍ သူတပါးတို့ကိုလည်း
ဟောပြောနိုင်ပါပြီ။ ဆန့်ကျင်ဘက်ပြောလာသူတို့ကိုလည်း တရားသဖြင့်နှိမ်နင်းပြီး အကျိုးအကြောင်းနှင့်တကွ တရားကို
ဟောပြနိုင်ပါပြီပရိနိဗ္ဗာန်စံယူရန် အချိန်အခါ သင့်ပါပြီ။
ပရိနိဗ္ဗာန် စံတော်မူပါတော့ဘုရား။
ဒီလိုမျိုး ပြည်စုံပုံပြပြီး ပရိနိဗ္ဗာန်စံဖို့ လျှောက်တယ်။
ဒီတော့ ဘုရားပရိနိဗ္ဗာန်စံဖို့ လာလျှောက်တာ ဒီမာရ်နတ်ပါပဲ။
ဘုရားပရိနိဗ္ဗာန်စံမယ့်ကိစ္စက ဘုရားရဲ့ကိစ္စသာဖြစ်ပါတယ်။
ဘယ်သူစံခိုင်းလို့မှလည်း မဟုတ်ပါဘူး။
ဒီအချိန်မှာ ဘုရားရဲ့သက်တော်ဟာ ၈၀အတွင်းကို
ချဉ်းနင်းဝင်ရောက်နေပြီ။၈၀ ပြည့်ဖို့ ၃လပဲ လိုတော့တယ်။ ဘုရားရှင်တိုင်းဟာ သက်တမ်းရဲ့ ၅ပုံ ၄ပုံမှာပဲ ပရိနိဗ္ဗာန်စံလေ့ရှိတယ်။
ဘုရားရှင်ရဲ့ ပစ္ဆိမသာဝကဖြစ်တဲ့ သုဘဒ္ဒပရဗိုဇ်ကလည်းနောက်သုံးလနေမှ ဉာဏ်ရင့်မယ်။တရားဟောလို့ရမယ်။လွန်ခဲ့တဲ့ ၇လတုန်းက
သေလောက်တဲ့ သွေးဝမ်းသွန်ရောဂါကို အာယုပါလကဖလသမာပတ်နဲ့
၁၀ လတာထိန်းတာကလည်း နောက်သုံးလဆို ပြည့်ပြီ။
ပရိနိဗ္ဗာန်စံယူလောက်အောင် ပြင်းထန်တဲ့ သွေးဝမ်းသွန်ရောဂါဟာလည်း ပြန်ပေါ်တော့မယ်။

ပြန်ပေါ်လာတဲ့ ရောဂါကို အာယုပါလကဖလသမာပတ်နဲ့ ပြန်ထိန်းချင်လည်းရတယ်။မထိန်းတော့ပဲ အနုပါဒိသေသ ပရိနိဗ္ဗာန်ဝင်စံလိုက်လည်းရတယ်။
အရင်က ဖလသမာပတ်သုံးပြီးရောဂါကိုထိန်းတာဟာ ပစ္ဆိမသာဝကကို
တရားဟောဖို့ မမီမှာစိုးလို့။အခုကပစ္ဆိမသာဝကကိုတရားဟောမီတဲ့အတွက် မထိန်းတော့ဘူး ပရိနိဗ္ဗာန်စံတော့မယ်။ဒီတော့ ဘုရားပရိနိဗ္ဗာန်စံတာ မာရ်နတ်ကြောင့်လည်း မဟုတ်ဘူး သူကရမဒ္ဒဝကြောင့်လည်းမဟုတ်ပါဘူး။
(သူကရမဒ္ဒဝကို ဝက်သားမဟုတ်ကြောင်း ကျမ်းများစွာတို့မှာ
ရှင်းလင်းထားတာတွေ့ရပါတယ်။ ပို့စ်နဲ့မဆိုင်လို့ မရေးတော့ပါဘူး)
မာရ်နတ်ကလည်း လာလာနှောင့်ယှက်နေတာ ဒီတစ်ယောက်တည်းပါ။
ပရိနိဗ္ဗာန်မစံခင် ၁၀လ အလို (အာယုသခါင်္ရမလွှတ်ခင် ၇လ အလို) ကတည်းကပရိနိဗ္ဗာန်စံစရာ ရောဂါဝေဒနာ သွေးဝမ်းသွန်မှု ဖြစ်နေပြီးဖြစ်ပါတယ်။အချိန်တန်ပြီမို့ ပရိနိဗ္ဗာန်စံကြောင်း သိလောက်ပါပြီ။

၎နဲ့ ၅ ရဲ့ အဖြေ ပြီးပါပြီ
[[သူကရမဒ္ဒဝဟာ သွေးဝမ်းသွန်စေခဲ့တာမဟုတ်ပဲ
သွေးဝမ်းသွန်လို့ လျော့သွားတဲ့အာဟာရ၊
ဆုတ်ယုတ်သွားတဲ့ခွန်အားတွေကို ပြန်လည်ဖြည့်တင်းပေးခဲ့တာပါ။
အကယ်၍သာ သူကရမဒ္ဒဝကို ကြိုတင်မှီဝဲထားခြင်းမရှိရင်
သွေးဝမ်းသွန်ပြီးချက်ချင်းတောင်ပရိနိဗ္ဗာန်စံသွားနိုင်ပါတယ်။
ခုတော့ သူကရမဒ္ဒဝရဲ့အာဟာရက
ကုသိနာရုံအထိခြေကျင်ကြွသသွားနိုင်ပါသေးတယ်။
သူကရမဒ္ဒဝကို သုံးဆောင်မိလို့ အာဟာရရှိပြီး နေနိုင်တာကို သူကရမဒ္ဒဝကြောင့်သွေးဝမ်းသွန်တယ်ထင်ရင်တော့ မှားပါလိမ့်မယ်။
ဒီသူကရမဒ္ဒဝဟာ ဘုရားမဖြစ်ခင် အာဟာရဖြည့်တင်းတဲ့ သုဇာတာရဲ့ ဃနာနို့ဆွမ်းလိုပဲအကျိုးကျေးဇူးကြီးမားကြောင်းပြောခဲ့ပါတယ်။ ]]
ဒီတော့ အကြောင်းစုံညီနေပြီဖြစ်တဲ့နောက် ၃လကို ဘုရားပရိနိဗ္ဗာန်စံတော့မှာဖြစ်လို့မာရ်နတ်က ပရိနိဗ္ဗာန်ပြုဖို့ လာလျှောက်ချိန်မှာ ဘုရားက -မာရ်နတ်ရေ ငါဘုရားပရိနိဗ္ဗာန်ပြုမယ့်
ကိစ္စမှာ မင်းကြောင့်ကြစိုက်မနေနဲ့တော့
နောက် ၃လနေရင် ငါဘုရား ပရိနိဗ္ဗာန်ပြုတော့မယ်။
ဒီလိုပြောပြီး အာယုသခါင်္ရကိုလွှတ်လိုက်ပါတော့တယ်။
ဒီလို အာယုသခါင်္ရကို လွှတ်လိုက်တဲ့အခါမှာ ကြောက်စရာကောင်းကြက်သီးမွေးညှင်း
ထလောက်အောင် မြေငလျင်အကြီးအကျယ်လှုပ်တယ်။
မိုးတွေချုန်း လျှပ်စီးတွေ လက်တယ်။
မြတ်စွာဘုရားကိုယ်တော်တိုင်တော့ ပရိနိဗ္ဗာန်ပြုဖို့ နီးကပ်ပြီမို့
နှစ်သက် ဝမ်းမြောက်တဲ့ ပီတိနဲ့ ဥဒါန်းကျူးတော်မူးပါသေးတယ်။

ဥဒါန်း --
လောကသုံးဘုံ အလုံးစုံကို အကုန်သိမြင် ဘုရားရှင်သည် အကျိုးတရား အစားစား၏ ဖြစ်ပွားရာလည်းဖြစ်ထသော အသစ်တဖန် ဘဝကိုစီမံတတ်သည်လည်း ဖြစ်ထသော ချိန်ခွင်ပမာဉာဏ်ပညာဖြင့် ကောင်းစွာပိုင်ပိုင် မချိန်နိုင်သော မဟဂ္ဂုတ်ကံကိုလည်းကောင်း မဂ်အရဟတ္တ ရတုံးကပင် လုံးဝမငဲ့ စွန့်လွှတ်တော်မူခဲ့ပြီ၊ သူရဲကောင်းကြီးသည် စစ်ဝတ်တန်ဆာကို ဖျက်ဆီးလိုက်သကဲ့သို့ ထို့အတူ မိမိသန္တာန်၌မွေ့လျော်တော်မူသော ဗုဒ္ဓမြတ်စွာသည် မိမိသန္တာန်၌ အဖန်ဖန်ဖြစ်သောကိလေသာကို ဖျက်ဆီးတော်မူပြီ။
လင်္ကာ ။ ။ မုနိ ထွဋ်တင် ဘုရားရှင်သည် များဖြင်အချိုး အမျိုးမျိုးဟု ကောင်းဆိုးနှစ်ပြင် ပေးစွမ်းအင်ကို ချိန်ခွင်ပမာ ဉာဏ်ပညာဖြင့် ကောင်းစွာလှလှ ချိန်၍ရသည့် တုလမည်ငြား ကာမာဝစရကံ တရားကိုလည်းကောင်း ချိန်ခွင်ပမာ ဉာဏ်ပညာဖြင့် ကောင်စွာပိုင်ပိုင် မချိန်နိုင်မှု အကြောင်းပြု၍ အတုလမည်ငြား မဟဂ္ဂုတ်ကံတရားကိုလည်းကောင်း ။မဂ် အရဟတ္တ ရတုန်းကပင်
လုံးဝမငဲ့ စွန့်လွှတ်ခဲ့၍ တကယ့်စစ်ပွဲ နိုင်အောင်နွှဲသည့် သူရဲခေါင်အုပ် စစ်ဗိုလ်ချုပ်သည် ဖွဲ့တုပ် စစ်ဝတ် အားလုံးချွတ်သို့ ဝဋ်ကိလေသာ အဖြာဖြာကို ကောင်းစွာ ဖျက်ဆီး အားလုံးပြီးသည် .....
အေးကြီး အေးရပြီ တကား။
မြတ်စွာဘုရား ဥဒါန်းကျူးသလိုပဲ မာရ်နတ်ကလည်း ပျော်ပြီး
ထွက်သွားတယ်။ဒီ ၃လအတွင်းမှာ အရှင်သာရိပုတ္တရာနဲ့
အရှင်မောဂ္ဂလာန် အဂ္ဂသာဝကကြီး ၂ပါးရှေ့ဆင့်နောက်ဆင့် ပရိနိဗ္ဗာန်ပြုကြပါတယ်ည အရှင်မောဂ္ဂလာန်
ကိုယ်တော်မြတ်ကြီး ပရိနိဗ္ဗာန်မပြုခင် အခါတပါးက
တစ်ကိုယ်တည်း နေနေတုန်း မာရ်နတ်က ဝမ်းထဲကို ဝင်ရောက်နှောင့်ယှက်တယ်။

မထေရ်မြတ်ဝမ်းက မသာမယာဖြစ်လာလို့ အစာအာဟာရကြောင့်လားဆိုပြီး
လမ်းထလျှောက်တယ်။ တန်ခိုးတော်နဲ့လည်း ကြည့်တယ်။
ဒီတော့မှ မာရ်နတ်ဝင်နေတာသိပြီး မာရ်နတ်ကို ထွက်ခိုင်းတယ်။
မာရ်နတ်က ငါ့ကိုမြင်သွားပြီဆိုပြီး ဝမ်းထဲက ထွက်လာရတယ်။
တန်ခိုးပြင်းထန် အရှင်မောဂ္ဂလာန်ရဲ့စကားကို အာခံဖို့လည်း မဖြစ်နိုင်ဘူး။
အပြင်ထွက်ပြီးခပ်လှမ်းလှမ်းမှာ ကိုယ်ဖျောက်ရပ်နေတယ်။
အရှင်မောဂ္ဂလာန်က မင်းကို ငါမြင်ရသေးတယ်လို့ပြောပြီး
ဒီမယ်မာရ်နတ် ငါလည်း အရင်ကမာရ်နတ်ဖြစ်ခဲ့ဖူးတယ်။
ဒီတော့မာရ်နတ် စိတ်ဝင်စားသွားတယ်။
ငါ့ရဲ့နာမည်က အဲ့ဒီတုံးက ဒုဿီလို့ခေါ်တယ်။
အဲ့တုန်းက ငါ့နှမဟာ အခု မင်းအမေပဲ။
ဒီတော့မင်းနဲ့ငါဟာ တူအရီးတော်တယ်။

ဒီလိုပြောလိုက်တော့ မာရ်နတ် သူ့ဦးလေးမှန်းလည်းသိသွားရော
နှလုံးသားက နူးညံ့ပျော့ပြောင်းသွားတယ်။
ဒီအချိန်မှာမှ မထေရ်မြတ်က ငါမာရ်နတ်ဖြစ်ခဲ့တုန်းကလည်း
ဘုရားနဲ့ သံဃာတွေကိုစော်ကားခဲ့လို့ စုတိပြတ်ကြွေသေလွန်တဲ့အခါ
အဝိစိငရဲကို ကျဆင်းခံခဲ့ရတယ်။ မင်းလည်း ဘုရားနဲ့ သံဃာတွေကို
ဆက်ပြီးပြစ်မှားနှောင့်ယှက်နေဦးမယ်ဆိုရင် ငါ့တုန်းကလိုပဲ
အပယ်ကျလိမ့်မယ်လို့ ရှင်းပြလိုက်တယ်။
မာရ်နတ် အသိတရားဝင်သွားတယ်။
သူဒီအတိုင်းဆက်သွားရင် ငရဲကျမှာလည်းကြောက်လာတယ်။
သူမှားခဲ့သမျှကိုလည်း နောင်တရလာတယ်။
သတ္တဝါတွေ သံသရာဝဋ်က မလွတ်အောင်သူကြိုးစားခဲ့တာတွေကို
နောင်တရပြီး အရှင်မောဂ္ဂလာန်ရဲ့တရားတိုတိုလေးနဲ့ မဂ်ဉာဏ်ဖိုလ်ဉာဏ်
ရလောက်ပါရဲ့နဲ့ သာဝကဗောဓိဉာဏ်မယူတော့ပဲ။
သတ္တဝါတွေကိုပါ သံသရာဝဋ်က ခေါ်ထုတ်နိုင်တဲ့ သမ္မာသမ္ဗောဓိဆုကို ပန်ခဲ့တယ်။
ပြီးတော့သူနေတဲ့ ပရနိမ္မိတဝဿဝတီနတ်ပြည်ကို ပြန်သွားခဲ့ပါတယ်။
ပါရမီပေါင်းများစွာဖြည့်ကျင့်ပြီး လောကသတ္တဝါတွေကို ဘုရားတစ်ဆူအနေနဲ့
ချေချွတ်ပါလိမ့်ဦးမယ်။

လက်ရှိတော့ ဝဿဝတီနတ်ပြည်မှာပါ။
၆ ရဲ့ အဖြေပြီးပါပြီ
ဘုရားကမာရ်နတ်ကို မနှောင့်ယှက်အောင်ချုပ်ထားတာပဲဖြစ်ဖြစ်
ဘာလို့တစ်ခုခု မလုပ်သလဲကို သိလောက်ပါပြီ။
သူ့ဦးလေးဟောင်းက ဆုံးမမှ ရမှာကြောင့်ကတစ်ကြောင်း
တန်ခိုးနဲ့ဆုံးမရင် မာစ်နတ်က မနိုင်မှန်းသိလည်း သူချကိုယ်ချကွာဆိုပြီး
ပြန်ချနေရင် အကျိုးယုတ်မှာ စိုးတာကြောင့်ကတစ်ကြောင်း
ဘုရားဆုပန်မယ့် ဆန္ဒဖြစ်ဦးမယ့် ဥပနိဿယကို မြင်တာက တစ်ကြောင့်
စတာတွေကြောင့် အစောပိုင်း နှောင့်ယှက်သမျှကို မေတ္တာ၊ ကရုဏာ၊ ဥပေက္ခာတွေနဲ့
သည်းခံခဲ့တာပါ။
၇ ရဲ့ အဖြေ ပြီးပါပြီ
မာရ်နတ်ကိုအရှင်မောဂ္ဂလာန်ဆုံးမနိုင်ခဲ့တဲ့အတွက် အရှင်ဥပဂုတ်ဆုံးမတယ်ဆိုတာလုံးဝ မဖြစ်နိုင်တော့ပါဘူး။ နောက်တစ်ချက်က အရှင်ဥပဂုတ်ဆိုတာ
မဟာယာန အနွယ်ဝင် စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်ပါ။
၈ ရဲ့ အဖြေ ပြီးပါပြီတစ်ခါက စွန်းလွန်းဆရာတော်ကြီးကို ပရိနိဗ္ဗာန်ပြုဖို့ နတ်တစ်ပါးက လာလျှောက်ဖူးတယ်။

အရှင်ဘုရား အာယုသခါင်္ရလွှတ်ပါတော့ ဘုရားတဲ့
ဆရာတော်ကြီးက မလွှတ်ဘူးကွာဆိုပြီးငေါက်ထုတ်လိုက်တော့
သတ္တဝါတွေတော့ အကျွတ်တရားရကြလိမ့်ဦးမယ်ကွာဆိုပြီး
စိတ်ပျက်လက်ပျက် ပြန်သွားတယ်တဲ့။
ဆရာတော်ကြီးဘေးနားက တပည့်တွေက အဲ့ဒါမာရ်နတ်ဖြစ်လိမ့်မယ်လို့ပြောတော့
ဆရာတော်ကြီးက အဘိညာဉ်နဲ့ လိုက်ကြည့်ပြီးပြန်ပြောတယ်။
မာရ်နတ်မဟုတ်ဘူးကွ။ အောက်ကနတ်သေးနတ်မွှားလေးပါပဲ
မာရ်နတ်ကြီးက လိမ္မာနေပါပြီကွာ တဲ့

ကိုးကားသောကျမ်းစာအုပ်များ>>>>>

(၁) မဟာဂန္ဓာရုံဆရာတော်ရဲ့ နောက်ဆုံးဆယ်လမြတ်ဗုဒ္ဓ
(၂) မင်းကွန်းဆရာတော်ကြီးရဲ့မဟာဗုဒ္ဓဝင်
(၃) ကျီးသဲလေးထပ်ဆရာတော်ရဲ့ ဇိနတ္ထပကာသနီ
(၄) တည်တောဆရာတော်ရဲ့ ဗုဒ္ဓဝါဒဆိုင်ရာအမေးအဖြေများ
(၅) စွန်းလွန်းအမေးအဖြေများနဲ့
(၆) ဒေါက်တာမင်းတင်မွန်တက္ကသိုလ်အဘိဓမ္မာပေါင်းချုပ်

ဒေါ်အောင်းဆန်းစုကြည်၏ကိုယ်ရေးအကျဉ်း

ဒေါ်အောင်ဆန်းစုကြည် ၏ ကိုယ်ရေးအကျဉ်း
•••••••••••••••••••••••••••••••••••••••••••••••
၁ ။ ၁၉၄၅ ခု ၊ ဇွန်လ ၁၉ ရက်တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည် ။ ဗိုလ်ချုပ် အောင်ဆန်း နှင့် ဒေါ်ခင်ကြည် တို့၏ သမီးဖြစ်ပြီး မြန်မာနိုင်ငံသားတစ်ဦး ဖြစ်သည် ။
၂ ။ ၁၉၄၉ ခုနှစ်မှ ၁၉၅၇ ခုနှစ်အထိ ရန်ကုန်မြို့ ၊ စိန့်ဖရန်စစ်ကွန်ဗင့်ကျောင်းတွင် ပညာသင်ကြားခဲ့သည် ။
၃ ။ ၁၉၅၇ ခုနှစ်မှ ၁၉၆၀ ပြည့်နှစ်အထိ ရန်ကုန်မြို့ အင်္ဂလိပ်မက်သဒစ် အထက်တန်းကျောင်းတွင် ဆက်လက် ပညာသင်ကြားခဲ့သည် ။
၎ ။ ၁၉၆၀ ခုနှစ်တွင် မိခင်ဖြစ်သူ ဒေါ်ခင်ကြည်သည် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ခြင်း ခံရသဖြင့် မိခင်နှင့်အတူ အိန္ဒိယနိုင်ငံ ဒေလီမြို့သို့ လိုက်ပါခဲ့သည် ။
၅ ။ ၁၉၆၀-၆၁ ခုနှစ်များတွင် ဒေလီမြို့ ၊ ဂျီးဇက် နှင့် မေရီကွန်ဗင့်ကျောင်းတွင် ဆက်လက်၍ ပညာသင်ကြားခဲ့သည် ။
၆ ။ ၁၉၆၂-၆၃ ခုနှစ်များတွင် ဒေလီတက္ကသိုလ် လေဒီရှရီရမ် ကောလိပ်၌ နိုင်ငံရေးသိပ္ပံ ဘာသာရပ် ကို လေ့လာဆည်းပူးခဲ့သည် ။
၇ ။ ၁၉၆၄-၆၇ ခုနှစ်များတွင် အောက်စဖို့တက္ကသိုလ်ရှိ စိန့်ဟူးခ်ျကောလိပ်၌ ဒဿနိကဗေဒ ၊ နိုင်ငံရေး သိပ္ပံနှင့် စီးပွားရေးပညာရပ်များကို လေ့လာဆည်းပူးခဲ့ပြီး ၀ိဇ္ဇာဂုဏ်ထူးဘွဲ့ကို ရရှိခဲ့သည် ။
၈ ။ ၁၉၆၈ ခုနှစ်တွင် လန်ဒန် တက္ကသိုလ် အရှေ့တိုင်း နှင့် အာဖရိကလေ့လာရေးဌာန ၊ နိုင်ငံရေး သိပ္ပံဌာန၌ သုတေသနလက်ထောက်အဖြစ် ထမ်းဆောင်ခဲ့သည် ။
၉ ။ ၁၉၆၉-၇၁ ခုနှစ်များတွင် နယူးယောက် ၊ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးရုံး ၊ အုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များ အကြံပေးကော်မတီ တွင် လက်ထောက် အတွင်းရေးမှူး အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည် ။
၁၀ ။ ၁-၁-၁၉၇၂ ရက်နေ့တွင် ဒေါက်တာမိုက်ကယ်အဲရစ် နှင့် လက်ထပ်ခဲ့သည် ။ ဒေါက်တာမိုက်ကယ်အဲရစ် သည် ဗြိတိသျှလူမျိုးတစ်ဦးဖြစ်၍ အောက်စဖို့တက္ကသိုလ်မှ ပညာရှင်တစ်ဦးဖြစ်သည် ။ မြောက်ပိုင်း ဗုဒ္ဓဘာသာ(မဟာယန) ၏ လူမှုရေး နှင့် ယဉ်ကျေးမှုဆိုင်ရာ သမိုင်းကြောင်းကို အထူးပြုလေ့လာနေသော သုတေသန ပညာရှင်ဖြစ်ပြီး ယင်းပညာရပ်နှင့်ဆိုင်သော စာအုပ်စာတမ်းများကိုလည်း ရေးသားပြုစု ထုတ်ဝေခဲ့သည် ။ သားနှစ်ယောက်ထွန်းကားခဲ့ရာ ယင်းတို့မှာ အလက်ဇန္ဒား (ခေါ်) မြင့်ဆန်းအောင် နှင့် ကင် (ခေါ်) မောင်ထိန်လင်း တို့ဖြစ်သည် ။
၁၁ ။ ၁၉၇၂-၇၃ ခုနှစ်များတွင် ဘူတန်နိုင်ငံ ၊ နိုင်ငံခြားရေးဝန်ကြီးရုံးတွင် သုတေသနအရာရှိ အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည် ။
၁၂ ။ ၁၉၇၅-၇၇ ခုနှစ်များတွင် အောက်စဖို့တက္ကသိုလ် ဘော့ဒလီယန် စာကြည့်တိုက်၌ မြန်မာစာအုပ်နှင့်ပေစာ ၊ ပုရပိုက်များကိုကတ်တလောက်ပြုစုသူ ပညာရှင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည် ။
၁၃ ။ ၁၉၈၅-၈၆ ခုနှစ်များတွင် ဂျပန်နိုင်ငံ ၊ကျိုတိုတက္ကသိုလ် ၊ အရှေ့တောင်အာရှဆိုင်ရာ လေ့လာရေး ဌာနတွင် သုတေသနပညာရှင်အဖြစ် သွားရောက်သုတေသနပြုခဲ့သည် ။
၁၄ ။ ၁၉၈၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံ ၊ ဆင်းမလားမြို့ရှိ အထူးလေ့လာသုတေသနပြုရေး ၊ အိန္ဒိယသိပ္ပံဌာနတွင် သုတေသနပညာရှင်အဖြစ် သုတေသန ပြုခဲ့သည် ။
၁၅ ။ ၁၉၈၇ ခုနှစ်တွင် လန်ဒန် တက္ကသိုလ် ၊ အရှေ့တိုင်းနှင့် အာဖရိကလေ့လာရေးဌာနတွင် တင်သွင်းရန် ဘွဲ့လွန်စာတမ်းတစ်စောင်ကို ပြုစုခဲ့သည် ။ ယင်းစာတမ်းအမည်မှာ “၁၉၁၀-၁၉၄၀ ခုနှစ်အတွင်း မြန်မာစာပေတွင် ရိုးရာအစဉ်အလာမသစ် ဖြစ်ပေါ်ထွန်းကားမှုများနှင့် အမျိုးသားရေးဝါဒ”ဟူ၍ ဖြစ်သည် ။
၁၆ ။ ၁၉၈၈ ခုနှစ်တွင် မိခင်ဖြစ်သူ သီရိသုဓမ္မ ဒေါ်ခင်ကြည် ကျန်းမာရေးမကောင်းသဖြင့် လာရောက်ပြုစုရင်း နိုင်ငံရေးလောကအတွင်းသို့ရောက်လာသည် ။
၁၇ ။ ၁၉၉၀ ခုနှစ်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အား ထူထောင်ပြီး ရွေးကောက်ပွဲဝင်သည် ။ ရွေးကောက်ပွဲတွင် အနိုင်ရသော်လည်း စစ်အစိုးရမှ အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခဲ့သည် ။
၁၈ ။ ၂၀၁၁ခုနှစ်တွင် အရပ်သားအစိုးရသစ်မှ လွတ်ငြိမ်းချမ်းသာခွင့်များ ပေးခဲ့ရာ အကျယ်ချုပ်မှ လွတ်ခဲ့သည် ။
.

မြန်မာစာကိုမြန်မာလိုပီပီသသရေးကြပါစို့

မြန်မာစာကို မြန်မာလို ပီပီသသ ရေးကြဖို့
++++++++++++++++++++++++++++

++++++++++++++++++++++++++++
၂၀၀၈ ခုနှစ် အောက်တိုဘာ ၈ ရက်က လူမှုကွန်ရက် စာမျက်နှာတွင်တင် ထားသော''စာပြင်ဆရာ''ဆိုသည့် ဘာသာပြန် Post တစ်ခုကို ဖတ်လိုက် ရသည်။
ကွန်ပျူတာစာစီသမားတစ်ယောက်ဟာ ဂျာနယ် ဖောင်ပိတ်ရက်မှာဝိုင်းဖွဲ့သောက် စားရင်းက အရက်အမူး လွန်ပြီး သချို င်္င်း တစ်ခုထဲက အုတ်ဂူတစ်ခုပေါ်ကို ရောက်သွား ပါတယ်။ အမူးပြေသွားမှ ဂူပေါ်ရောက်နေ တာသိပြီး ကြက်သီးမွေးညင်းထ လာပါတယ်။ သူက တစ္ဆေအလွန် ကြောက် တတ်တာကိုး။ သူ့ဘေးက ဂူကိုကြည့်လိုက်တော့ လူတစ်ယောက်က ဂူကိုထွင်းနေ တာ တွေ့ရတယ်။
ကွန်ပျူတာသမား - ဟာ... လန့်သွားတာပဲဗျာ။ သရဲမှတ်လို့။ ဒါနဲ့ ခင်ဗျားက ဘာလုပ်နေတာလဲ။
ဂူထွင်းသမား - ဒီမှာဗျာ . . စာလုံးပေါင်းမှားနေလို့ ပြင်ရေးမလို့ လုပ်နေတာ။
ကွန်ပျူတာသမား - ခင်ဗျားက မှောင်ကြီးမည်းမည်း ထဲမှာ စာလုံးပေါင်းမှား တာ ဘယ်လိုလုပ်သိလဲ။
ဂူထွင်းသမား - ဒါက ကျွန်တော့်အုတ်ဂူလေ။ ကျွန် တော့်နာမည် ဘယ်လို စာလုံးပေါင်း လဲ သိတာပေါ့ဗျာ။ ကျွန် တော်မသေခင်တုန်းက စာပြင်ဆရာ လုပ်ခဲ့တယ်လေဗျာ
အရက်မူးနေတဲ့ ကွန်ပျူတာသမား တစ်ချိုးတည်း လစ်ပါလေရောဆိုပြီး သူ့ဟာသ ကို အဆုံးသတ်ထားတာ ဖတ်လိုက်ရပါသည်။ ဤဟာသ တိုလေး ကို ဖတ်ပြီး ကိုယ် တိုင်ကလည်း စာပြင်ဆရာဖြစ်ခဲ့လေတော့ ''စာပြင်ဆရာ များ သေတာတောင် စာလုံးပေါင်းအမှားကို လိုက်ပြင်တုန်းပါ လား။ အစွဲမကျွတ် နိုင်ပါလား''ဟု ဆင်ခြင်မိပါသည်။
တကယ်တမ်းပြောရလျှင် စာပြင်ဆရာဆိုသည်မှာ ကြေးတွေ ညှော်တွေနှင့် ညစ်ပေနေသော ကလေးတစ် ယောက် ကို ရေချိုးပေး ရသည့်သူနှင့် တူပါသည်။ ရွှံ့ထဲ ဗွက်ထဲ ပေကျံနေအောင် ဆော့လာသော ကလေး တစ်ယောက် ကို မြင်ကြည့်ပါ။ ခေါင်းမှာလည်း ရွှံ့တွေက ဆံပင်ကြို ဆံပင်ကြားမှာ ပွရနေမည်။ တစ်ကိုယ်လုံးမှာလည်း နွံစော် တွေနံပြီး ညစ်ပတ်နေမည်ဆိုလျှင် ဦးစွာ ကလေး ကို ရေ ချိုးရပါမည်။
ပြီးလျှင် ခေါင်းက ရွှံ့တွေ ပြောင်သွားအောင် ခေါင်းလျှော် ရည်ဖြင့် ခေါင်းလျှော် ရပါ မည်။ ပြီးလျှင် ဆပ်ပြာ တိုက် ၍ ကြေးချွတ် ရပါလိမ့် မည်။ သို့မှသာ သန့်စင် သော ကလေးတစ်ယောက်အဖြစ်ကို ရပါလိမ့်မည်။
စာပြင်ဆရာသည် ကလေးကို ရေချိုးပေးရသူနှင့်တူ လျှင် အယ်ဒီတာများက ကလေးကို အလှပြင်ပေးရသူနှင့်တူ ပါလိမ့်မည်။ သူတို့က ကလေးနှင့် လိုက်ဖက်မည့် အလှအပ အဆင်တန်ဆာတို့ဖြင့် အမြင် တင့်အောင် ပြင် ဆင်ပေး ရ ပါလိမ့် မည် ။ ခေါင်းပြောင်း သင့်တာပြောင်း၊ စာမချောတာ ကို ချောအောင်ပြင်၊ အဆီအငေါ်မတည့်သည်များကို အကြောင်း အကျိုး ဆီလျော်အောင် ပြင်ဆင်ပေးခြင်းဖြင့် စာဖတ်သူတို့အမြင် တွင် နှစ်လိုဖွယ် သတင်းစာ၊ဂျာနယ်၊မဂ္ဂဇင်း စာစောင်တစ်ခု ဖြစ် လာအောင် အားထုတ်ကြ ရပါလိမ့်မည်။
ယခုတလော အမှားအယွင်းတွေများလှ၍ စာဖတ် သူတို့က Facebook ပေါ် တွင်တင်ကာ ဝေဖန်ခံနေရ သည်များကို ကြိမ်ဖန် များစွာ တွေ့နေရပါသည်။ သတင်းစာ၊ ဂျာနယ်ဟူသည် အချိန်ကိုလု၍ အချိန်မီအောင်လုပ်ဆောင် ရသည်မို့ မှားတတ်သည့် သဘာဝ ရှိပါသော်လည်း စာ ဖတ်သူတို့ကိုငဲ့ကာ အမှားကင်းနိုင်သမျှကင်းအောင် ကြိုး စားရန် တာဝန်ရှိပါသည်။
သည်နေရာတွင် စာပြင်ဆရာ ဆိုသည်မှာ အယ်ဒီတာတို့၏ လက်စွဲလည်းဖြစ် သည်မို့ အမှားနည်းအောင် ကြိုးစားပြင်ဆင်ပေးကြရ သည် မှာ လည်း သဘာဝပင်ဖြစ်ပါ သည်။ သို့သော် ပြင်သင့်သည်ကို သာပြင်၍ မပြင်သင့်သည် တို့ ကို မပြင်အပ်ကြောင်း ဆရာ့ ဆရာကြီးများရေး သားခဲ့သည့် ဆောင်းပါးအချို့တွင် တွေ့ရ သည်။
ဆရာဇေယျ၏ 'စာပြင်ဆရာ'ဆောင်းပါးတွင်-
''သက္ကရာဇ် ၁၂၆၀ ကျော်လောက်က မန္တလေးတွင် နာမည်ကျော်ကြားလျက် တပည့်တပန်း များပြားသော ဆရာတော်ကြီး တစ်ပါးရှိသည်။
ထိုဆရာတော်ကြီးသည် ဆွမ်းဘုဉ်းပေးသည့်အချိန် တပည့်များအား စာပို့ချသည့် အချိန်မှလွဲလျှင် ကျောင်း၌ ရှိသော ပေစာ၊ ပုရပိုက်စာ များကိုသာ ဖတ်ရှုလေ့လာခြင်းဖြင့် အချိန်ကုန်စေသည်။ ပေစာများ အနက် ရှေး ဆရာတော်ကြီး အဆက်ဆက်ကြည့် ရှုအသုံးပြုသွားသော ပရိတ်ကြီး တစ်စောင်ကို နေ့စဉ်လိုလို သုံးသပ်ကြည့်ရှုလေ့ရှိသည်။
ကျမ်းဂန်ကျနသော ပုဂ္ဂိုလ် ကြီးဖြစ်သည့်အတိုင်း ပေစာ၊ ပုရပိုက်စာများတွင် အမှား များကို မြင်တော်မူ၏။ သို့သော် မည်သည့်အခါမျှ ပြင်ဆင် ရေး သားခြင်းမပြု။ ဖယောင်းစက်ကလေးများ ချ၍ မှတ် သားပြီး မူလအတိုင်းသာ ရှိစေသည်။ ထိုသို့ကြည့်ရှုနေစဉ် ပရိတ်ကြီးပေ တွင်လည်း တစ်နေရာ၌ တစ်ချောင်း ငင် ပါရမည်ကို မပါဘဲရှိရာ ဖယောင်းစက်ချ၍သာ မှတ်သား ထားလေသည်။
တစ်ခါသော် ဒကာတော်တစ်ယောက်က ထိုပေစာ ကလေးကို ကြည်ညိုလှ၍ ကူးယူလိုပါသည်ဟု လျှောက် ၏။ ဆရာတော်ကြီး သည် ရုတ်တရက် ခွင့်မပြု၊ သုံးလေး ကြိမ် အဖန်ဖန်လျှောက်ဖန်များမှ ဒကာ့အစား ကူးမည့် စာရေးကို စစ်ဆေးပြီးလျှင် ခွင့်ပြုတော် မူလိုက်သည်။ နောက် ဥပုသ်တစ်ပတ်ကြာလောက် ကြာလျှင် ရေးကူးပြီး ဒကာလည်း ပေကို ဆရာတော်အား ပြန်၍ အပ်လေသည်။
တစ်နေ့သောအခါ ဆရာတော်သည် ထိုပေစာ လေးကို ကြည့်ရှုသုံး သပ်ပြန် ရာ တစ်ချောင်းငင်ကျန်နေ သောနေရာတွင် မိမိမှတ်သားသော ဖယောင်း စက်ကလေး မရှိတော့ဘဲ တစ်ချောင်းငင်ကလေးရောက်နေသည် ကို တွေ့ရလေသည်။
စုတ်တသတ်သတ်နှင့် ကြည့်ပြီး ဒေါသ ဟုန်းခနဲဖြစ်လာကာ ဒကာနှင့် စာရေးကို ချက်ချင်းခေါ်၍ 'ဒီတစ်ချောင်းငင် ဘယ်သူထည့်သလဲ''ဟု စစ်လေသည်။
စာရေးက -
''တပည့်တော် ထည့်လိုက်ပါတယ်ဘုရား''
''ဘာဖြစ်လို့ ထည့်တာလဲ''
''ကျ ကျန်ရစ်လို့ ထည့်လိုက်ပါတယ် ဘုရား''
''ဟင် . . ဒီတစ်ချောင်းငင်မပါတာ ငါ့ဆရာ့ဆရာ တွေကလည်း သိ၊ ငါလည်း အသိ၊ ငါ့ ဆရာ့ဆရာတွေ မထည့်ခဲ့၊ ငါလည်းမထည့်၊ နင်ထည့်မှ ငါတို့ သိမှာလား။ နင်ထည့်လို့ ဆရာအဆက်ဆက်က ပေပျက်ပြီ။ 'ခွေးမ သား လူတတ်လုပ်လို့ ပြင်ဦးဟ'ဟုဆိုကာ ခြေနှင့်ကန်၊ ဖနောင့်နှင့် ပေါက်၊ ဒူးနှင့်တိုက်သဖြင့် ဒကာရော စာရေးပါ တစ်ချောင်းငင်ထည့်မှု အတွက် ကျောင်းပေါ်က ပြေးခဲ့ရဖူး သည်ဟု မောင်ကြည်မွန်ရေးသားသော ''စာပြင်ဆရာ ဒူးတိုက်ခံရခြင်း''ဆောင်းပါးတွင် ဖော်ပြထားလေသည်။
စာပြင်ဆရာတွေ ဒူးတိုက်ခံရသည်မှာသည်တစ်ကြိမ် တည်းမဟုတ်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည်လည်း တပည့်သားမြေးများကို ယခုလို ဒူးတိုက်ဆုံးမလေ့ရှိသည် ဟု ဖတ်ရဖူးသည်။ ဆရာမှိုင်းသည် အသက် ၁၉ နှစ်အရွယ် မှာပင် ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး စာစီ၊ စာပြင်ဆရာ၊ အယ်ဒီတာ၊ သတင်းစာအယ်ဒီတာအဖြစ် ဝင်ရောက်လုပ် ကိုင်ခဲ့သူဖြစ်သည်။ တစ်ခါသော် စာအပြင်မှား၍ စက္ကူထုပ် ဖိုး လျော်ပေးခဲ့ရဖူးသည်။ ဆရာမှိုင်းသည် စာပြင်ဆရာ၊ စာရေးဆရာတစ်ဦးလည်းဖြစ်ရာ သူ့စာများကို မမေး မြန်း မစူးစမ်းဘဲ ပြင်ပေးသည်ကို မကြိုက်၊ သူ့စာများကို သူကိုယ်တိုင် ပရုဖတ်ကာ အကြမ်းမှအနုတိုင် ဂရုစိုက် ဆောင်ရွက်လေ့ရှိသူဖြစ်သည်။
သူရေးသောမူတွင် ပြထားသည့်အတိုင်း မဟုတ် လျှင် စာပုံနှိပ်တာဝန်ခံ၊ စာပြင်ဆရာနှင့် ဖိုမင်ကို ချက်ချင်း ခေါ်၍ ပြောသည်။ သူရိယတိုက်တွင် အလုပ်လုပ်စဉ် စာစီပုံ၊ စာပြင်ပုံစည်းကမ်းမကျလျှင် ဖိုမင်နှင့် စာပြင်ဆရာကိုချက်ချင်း ခေါ်၍ ဆူရုံမက ဒူးနှင့်တိုက်တတ်သည်ဟု ဆရာကြီးနှင့် အတူ လုပ်ကိုင်ဖူးသော ရှေးဖိုမင်တပည့်ဟောင်းကြီးများ က ပြောကြောင်း မှတ်တမ်းတင် ထားသည်။
မိမိတို့စာပြင်ဆရာဘဝတွင်လည်း သတင်းစာ တိုက်တွင် အလုပ်လုပ်ကိုင် စဉ် အမှားအယွင်းဖြစ်ပါက စာပြင်ဆရာ၊ ကွန်ပျူတာစာစီဆရာ၊ ကွန်ပျူတာ အခန်းမှူး၊ ဖောင်ကိုင်အယ်ဒီတာအထိ တာဝန်ရှိသူအဆင့်ဆင့်ကို အယ်ဒီတာချုပ်က သူ့အခန်းထဲခေါ်၍ ဆူတာ၊ ကြိမ်း မောင်းတာ၊ ရာထူးချတာ၊ ဌာနပြောင်းတာတွေ ခံခဲ့ရဖူး သည်။
စာပြင်ဆရာဘဝ ကို ဖြတ်သန်းခဲ့ဖူးသော နိုင်ငံကျော် စာရေးဆရာ၊ သတင်းစာ ဆရာကြီးတွေ အများအပြားရှိ ပါသည်။ ဥပမာပြရလျှင် ဆရာသာဓုမျိုးဆက် စာရေးဆရာ သုမောင်သည် ၁၉၆၀ ပြည့်နှစ်ကတည်းက ယုဝတီဂျာ နယ်တွင် စာပြင်ဆရာဘဝမှစ၍စာပေနယ်သို့ ဝင်ရောက်ခဲ့ သူဖြစ်သည်။ ဆရာမင်းလူသည်လည်း သတ်ပုံသတ်ညွှန်း ဂရုစိုက် တတ်ကြောင်း သူရေးခဲ့သည့် ''မှန်တတ်သော သတ်ပုံ''ဆောင်းပါး တွင် ယခုလိုရေးသားခဲ့သည်။
''ကျွန်တော်တို့ ဦးလေးတစ်ယောက် ကြုံခဲ့ရတာ ပြန်ပြောပြလို့ ကြားဖူးသည်။ သူတို့ငယ်ငယ်က မြန်မာ ပညာရှိတွေကြားမှာ အကြီးအကျယ်သဘောထား ကွဲခဲ့ကြ သည့် ကိစ္စတစ်ခုဖြစ်ခဲ့၏။ 'ဖ' ဂိုဏ်းနှင့် 'ဘ'ဂိုဏ်း ဘယ် ဟာမှန်သလဲ ငြင်းခုံခဲ့ကြခြင်းဖြစ်၏။ ထိုကိစ္စမှာ တဖြည်း ဖြည်းကြီးထွား လာပြီး 'ဖ'ဂိုဏ်းက 'ဖေဖေ၊ ဖိုးဖိုး၊ စား သောက်ဖွယ် ၊ တောင်ဖက်မြောက် ဖက်' စသည်ဖြင့် စာ လုံးပေါင်းရမည်ဟု ဆိုသည်။ 'ဘ' ဂိုဏ်းကလည်း 'ဘေ ဘေ၊ ဘိုးဘိုး၊ စားသောက်ဘွယ်၊ တောင်ဘက်မြောက်ဘက်' ဟု စာလုံးပေါင်း မှ မှန်သည်ဟု ငြင်းသည်။ ဒီပြဿနာ ကြားမှာ ဦးလေးက အချောင်ခံရသည်။ ကျောင်းမှ ဆရာက 'ဖ' ဂိုဏ်းသား၊ အိမ်မှ အဖေက 'ဘ' ဂိုဏ်းဝင်၊ ဆရာသင် တဲ့အတိုင်း 'ဖ' နဲ့ရေးလာပြီး အိမ်ရောက်တော့ အဖေက 'ဘ' ပြင်ခိုင်းသည်။ ထိုအခါ ဆရာက သူသင်တဲ့အတိုင်း ရေး မလာရကောင်း လားဆိုပြီး ရိုက်သည်။ အိမ်ရောက် ပြန်တော့လည်း အဖေက သူ့ကို ဖီဆန်ရမလားဆိုပြီး နားရင်း အုပ်သည်။ ကြာတော့ သူသည်းမခံနိုင်တော့။ ထို့ကြောင့် တစ်ရက်မှာ သူ့အဖေကို ခုလို ပြောလိုက်၏။
''ဘေဘေ၊ လမ်းထိပ်က ဆိုင်မှာ ဘွားဘွားအတွက် ဘရောင်းတိုင်နဲ့ဘိုးဘိုးအတွက် ဘရုံယို သွားဝယ်လိုက် ဦးမယ်'' ဟု 'ဘ' သံတွေနဲ့ချည်း ပြောလိုက်ရာ သူ့အဖေ က ''ခွေးမသား၊ ဒါငါ့ကို သက်သက်ငေါ့တာပဲဆိုပြီး ခြေ ထောက်နှင့် ဆောင့် ကန်လိုက် သဖြင့် လှေကားမှ ဒလိမ့် ခေါက်ကွေးကျသွားရသည်''ဟုဆို၏။
ကျွန်တော်တို့ မြန်မာစာပေတွင် စာလုံးပေါင်းသတ် ပုံများ တစ်ပြေးညီဖြစ်စေရန် မြန်မာစာအဖွဲ့မှ စာလုံး ပေါင်းသတ်ပုံကျမ်းနှင့် ခွဲထားကို ပြဋ္ဌာန်းရေးသားထားပြီး ဖြစ်ပါသည်။ ပုံနှိပ်မီဒီယာဖြစ်စေ၊ ယုတ်စွအဆုံး နိုင်ငံခြား ရုပ်ရှင်များတွင် မြန်မာပြန်ရေး သားထားသည့် စာသားများ ပင်ဖြစ်စေ မြန်မာစာလုံးပေါင်းသတ် ပုံကျမ်းနှင့်အညီ ပြင် ဆင်ရေး သားခြင်းဖြင့်သာလျှင် ယနေ့ခေတ်သုံးအမှန် ကို ရရှိမည် ဖြစ်ပါ သည်။
သို့သော်လည်း အချို့သော ပုံနှိပ်မီဒီယာများမှ 'ကျွန် တော်'ကို 'ကျနော်' ဟု ရေးသားနေသည်များ ရှိသလို အချို့က သတ်ပုံသည် အရေးမကြီး၊ အဓိပ္ပာယ်မချို့ယွင်းလျှင် ပြီးတာပဲ ဆိုတာမျိုး ပြီးပြီးရောသဘောဖြင့် သုံးစွဲနေတာ တွေ တွေ့နေရသည်။
ပိုဆိုးသည်မှာ မိမိတို့သင်ယူနေရ သော စာများနှင့် တမင်တကာကွဲလွဲအောင် စတန့်ထွင်ရေး သားနေသော facebook စာမျက်နှာများပေါ်မှ အသုံးလွဲများ ပင် ဖြစ်ပါ၏။ ဘဝကို (ဘွ)၊ ချစ်ချစ်လေးကို ၈၈၄၊ မွမွ၊ ငိုးမသား စသည်ဖြင့် ရေး ထုံးအလွဲ များကို ပေါပေါပဲပဲသုံး လာကြရာ မြန်မာစာ အတွက် ရင်လေးဖွယ်ဟု ဆိုရပါမည်။
တစ်နေ့က comment တစ်ခုကို ''ကျနော့်အမြင် တော့ဗျာ''ဟု ကျွန်တော် ကိုယ်တိုင်ရေးသားထားရာ သား ဖြစ်သူ နှစ် တန်းကျောင်း သားက ကျောင်း မှာ ကျွန်တော် ဟုသာ သင်ယူထားလေတော့ ကျွန်တော်ရေးထားသော ''ကျနော်'' ကို သူ့ခမျာ ဖတ်မရ။ '' ကျ..နော် '' ဟု တစ်လုံး ချင်း ဖတ်ပြသည်ကို ကြားလိုက်ရပါသည်။ ကျွန်တော်ကို ကျနော်ဟု အလွယ်တကူသုံး လိုက်ခြင်းသည် နှစ်တန်း ကျောင်းသားတစ်ယောက်အတွက် ကြီးစွာသော အခက် အခဲဖြစ်သွားရသည်ကို ကိုယ်တိုင်ကြုံလိုက်ရ သည်။
မြန်မာစာကို မြန်မာလို ပီပီသသရေးကြဖို့ လိုအပ် နေပါပြီဟု မီးမောင်းထိုး တင်ပြလိုက်ရ ပါကြောင်း။
ရည်ညွှန်း -
(၁) စာပြင်ဆရာဒူးတိုက်ခံရခြင်း (မောင်ကြည်မွန်)
(၂) စာပြင်ဆရာ (လူမှုကွန်ရက်စာမျက်နှာ)
(၃) ဆရာကြီးသခင်ကိုယ်တော်မှိုင်း (မိုးမခ)
(၄) မှန်တတ်သော သတ်ပုံ (မင်းလူ)